Skip to main content

Posts

Showing posts from April 21, 2012

Development drive sees ethnic groups displaced by land grabs

As Myanmar's opening economy is celebrated, rights activists warn it will see people who have lived in areas for generations forced out under 'legal' means that merely cover mercenary greed At the ramshackle Ei Tu Hta camp more than 4,000 displaced people fear not just the the Myanmar military downstream on the Salween River, but also a constitution that will ''legally'' dispossess them of the land they were forced to flee.

ဆိုင်းတောင် မွတ်စလင် ဗလီအား ဗုဒ္ဓဘာသာဝင်များ ဖြိုချဖျက်ဆီး

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့က တည်ဆောက်ဆဲမွတ်စလင် ဗလီတစ်ခုအား ဗုဒ္ဓဘာသာရဟန်း သံဃာများနှင့် နောက်လိုက်တစ်ခုက ဖြိုချ ဖျက်ဆီးလိုက်သည်။ အပါး ၃၀ ခန့်ရှိ သံဃာများနှင့် ရာဂဏန်းရှိ ၎င်းတို့၏နောက်လိုက်များ ဆိုင်းတောင်မြို့ ရှမ်းကုန်းရပ်ကွက်ရှိ ထိုဆောက်လက်စဗလီသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာပြီး ဗလီတည်ဆောက်မှုရပ်တန့်ရန် တောင်းဆိုကြသည်ဟု မျက်မြင်သက်သေများပြောသည်။

NLD ပါတီက အမတ်တွေ လွှတ်တော်တက်ဖို့ မရေရာ

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အဲဒီ တခဲနက် အနိုင်ရခဲ့ ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်လည် ကျင်းပမယ့် နေပြည်တော်က လွှတ်တော် အစည်းအဝေးတွေမှာ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမတ်တွေ တက်နိုင်ဖို့အတွက် ကျမ်းသစ္စာကျိမ်ဆိုရတဲ့အခါ ပါဝင်တဲ့ စကားရပ်တစ်ခု ပြင်ဆင်ဖို့ NLD ဘက်ကနေ အခုချိန်ထိ အကြံပြုချက်တွေ တင်ပြီး ကြိုးပမ်းနေတုန်းပဲလို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးဉာဏ်ဝင်းက ပြောပါတယ်။