Skip to main content

Posts

Showing posts from April 1, 2019

ရခိုင်တိုက်ပွဲ အပြန်အလှန်စွပ်စွဲ

by VOA ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန်ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေတဲ့ တိုက်ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ ထားပါတယ်။ တပ်မတော်က အပြစ်မဲ့ အရပ်သား ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊ တိုက်ပွဲတုတွေ ဖန်တီးပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေကို သတင်းဌာနတွေ စောင့်ကြည့်လေ့လာမယ်ဆိုရင် ပူပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကသတင်းထုတ်ပြန်လိုက်သလို၊ တပ်မတော်ဘက်ကလည်း AA ရဲ့ သတင်းမှားထုတ်ပြန်တာတွေကို ဒေသခံတိုင်းရင်းသားတွေအနေနဲ့ မယုံကြဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ဇန်နဝါရီ ၄ ရက်မှာ AA အဖွဲ့က ရဲစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်တာ၊ ရန်ကုန်-စစ်တွေလမ်းမှာ မိုင်းထောင်

မြန်မာစစ်တပ်နှင့် ရခိုင် တပ်မတော် အကြား တိုက်ပွဲများကြောင့် ရာချီသော ရိုဟင်ဂျာ များ အိုးအိမ် စွန့်ခွာ ထွက်ပြေးရ

ဘူးသီးတောင် မြို့နယ် ။ ။ မြန်မာစစ်တပ်နှင့် ရခိုင် တပ်မတော် (အေအေ) တို့ အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ဘူးသီးတောင် အရှေ့တောင်ဖက်ရှိ ဆင်သေပြင် ကျေးရွာမှ ရိုဟင်ဂျာ ရွာသား ၆၃၆ ယောက် အသက်လု ထွက်ပြေး ခဲ့ရ သည်။  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရဲစခန်း အများအပြားကို တိုက်ခိုက်ခဲ့သော ရခိုင် တပ်မတော် အား မြန်မာ အစိုးရ တပ်များက ပြုလုပ်သော စစ်ဆင်ရေးတွင် ရိုဟင်ဂျာ အများအပြား ပိတ်မိနေခဲ့သည်။ တိုက်ပွဲ စတင်ချိန်မှ စ၍ ကျည်ဆံ၊ ဒုံးကျဉ်နှင့် မိုင်းများ ထိမှန်၍ ရိုဟင်ဂျာ အများ အပြား သေကြေ ဒဏ်ရာ ရခဲ့ ကြသည်။ ရိုဟင်ဂျာ လူမျိုး အများအပြားမှာ လက်နက်ကိုင် တပ်ဖွဲ့ များ၏ မတရား ဖမ်းဆီး ချုပ်နှောင် ခြင်းခံခဲ့ရသည်။ မတ်လ ၂၈ ရက် နေ့တွင် ဆင်သေပြင် ကျေးရွာမှ ရိုဟင်ဂျာ ရွာသား များသည် စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊ လုံခြုံမှု နှင့် အကာအကွယ် မဲ့နေခြင်း များကြောင့်  ဖုံညိုလိပ် ကျေးရွာသို့ ထွက်ပြေး ခဲ့ကြရာ ယင်းရွာ တွင်လည်း အမိုးအကာ မလုံလောက်ခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်ခြင်း များ ရှိနေကြောင်း သိရသည်။  “မြန်မာ စစ်တပ်နှင့် ရခိုင်တပ် (အေအေ) တို့ အဆက်မပြတ် တိုက်ခိုက် နေလို့ ကျွန်တော် တို့ ကိုယ့်ရွာမှ