သတ္တုတွင်းဝန်ကြီးဌာန မှ The Voice Weekly ကို ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆို ထားမှုတွင် သတင်းရေးသားသူ ကို ဖော်ထုတ်ပေးရန် တရားရုံးကို သတ္တုတွင်း ဝန်ကြီး ဌာန၏ တင်ပြ လျှောက်ထားမှု ပလပ် (ပယ်ချ) လိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်သည်။ အဆိုပါ အမှု၏ ပင်မ တရားစွဲဆိုမှု ဖြစ်သော ပုဒ်မ ၅၀ဝ အတွက် နှစ်ဖက် ရှေ့နေများ ဇွန်လ ၆ ရက်နေ့တွင် လျှောက်လဲ ရမည်ဖြစ်ကြောင်း တရားရုံးက ယနေ့ ဆုံးဖြတ်သည်။