Skip to main content

တောင်ကုတ်တွင် မွတ်စလင် ၁၀ ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရ

စစ်တွေ၊ ရခိုင်ပြည်နယ်။  ။ ဂျမာအသ်ဖြင့် သွားနေသော မွတ်ဆလင် ၈ ဦး ၊ ကားကုမ္ပဏီ၏အကျိုးဆောင် အမျိုးသမီးတဦး နှင့် ကား အကူတဦးတို့ကို အကြမ်းဖက်သတ်ဖြတ်သည့် သတ်ဖြတ်မှု တခုကို ရခိုင်ပြည်နယ် တောင်ပိုင်းရှိ တောင်ကုတ်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ကြိုတင်စီစဉ်ထားသော အစွန်းရောက် အကြမ်းဖက်ဗုဒ္ဒဘာသာ ရခိုင်လူမျိုးတစု မှ ကျုးလွန်ခဲ့ကြောင်း သံတွဲ ဂျမာအသ် အဖွဲ့မှ ပြန်လာသူတဦး က ပြောပြသည်။

ဂျမာအသ်ဖြင့် သွားနေသော မွတ်ဆလင် ၈ ဦး အလောင်း ဓါတ်ပုံ http://mandalaygazette.com
အကြမ်းဖက် အသတ်ခံရ သူများသည် သံတွဲ သစ္စာ ဗလီ မှ ရန်ကုန်သို့ ရိုးမ သစ္စာ ကားဖြင့် သွားနေသည့် အချိန်တွင် ယ္ခုလို အကြမ်းဖက် သတ်ဖြတ်ခံခြင်းဖြစ်သည်။  အကြမ်းဖက်သမားသည် အရက်သေစာဖြင့် ဂျာမာသ် အဖွဲ့ဝင်များအလောင်းပေါ်တွင် ဖြူးချခြင်း၊ လောင်းချခြင်း၊ သေပေါက်ခြင်းများကို ပြုလုပ်ပြီး ကခုန်ကြကြောင်း သိရသည်၊ ဂျာမာသ်ဆိုသည်မှာ  အစ္စလာမ် ဘာသာဝင်များ  နေရာအချို့ကိုသွားရောက်ပြီး တရားထိုင်ကာ ဘာသာရေး တရားရေး များကို တိုင်ပင်ဆွေးနွေးကြသော အဖွဲ့ဖြစ်သည်။


အကြမ်းဖက် အသတ်ခံ ရသော ဂျာမာသ် အဖွဲ့ဝင်များမှာ  ဦးနီဖေ ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်၊  ဦးမောင်နီ ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊ တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊ ကိုတင်မောင်ထွေး ၈/တတက(နိုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊ ကိုအောင်ဘိုဘိုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ် တို့ဖြစ်သည်။ ကျန်နှစ်ဦးဖြစ်သော ကား ကားကုမ္ပဏီ၏အကျိုးဆောင် အမျိုးသမီး နှင့် ကားအကူတို့၏ နာမည်များကို မရသည့်အတွက် မဖေါ်ပြနိုင်ခဲ့ချေ။
“တောင်ကုတ်မြို့ လမ်းခွ လ.၀.က ဂိတ်မှာ ကား အမှတ် (၇ ဂ / ၇၈၆၈) ကို အစွန်းရောက် အကြမ်းဖက် ဗုဒ္ဒ ဘာသာ ရခိုင်လူမျိုးတစု က တားတယ်။ တားပြီး ကုလား တွေပါ ရင် ဆင်းခဲ့ အကုန်သတ်ပစ်မယ်လို့ အော် ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ ကား တာဝန်ခံ မိန်းကလေးက ကားတံခါး ပိတ်ထားပြီး ကားအကူက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါပေမဲ့ ကားပေါ် အတင်း တွန်းတက်သွားပြီး ကားပေါ်တွင် ပါလာတဲ့ မွတ်စလင်မ် တွေကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ်လိုက်တော့ နောက်ထပ်လူတွေ ပြေးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။ တံခါး ပေါက်က ဆင်းဆင်းခြင်းမှာတင် အောက်က ၃၀၀ လောက်ရျိတဲ့ အကြမ်းဖက်သမား လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၁၀)ယောက်စလုံး သေဆုံးသွားတယ်။" ဟု တောင်ကုတ်မြို့မှ လူကြီးတဦးက ကုလားတန် ကို ပြောပြသည်။
ရိုးမ သစ္စာ ကားသည် မွတ်ဆလင်မ် ပိုင်ကားဖြစ်သည့်အတွက်  အကြမ်းဖက်သမားက ရိုက်ကျိုးဖျက်ဆီး လိုက်သည်။၎င်းကားမှာ ယ္ခုအချိန်ထိ လ၀က ဂိတ်တွင် ရှိနေသည်။ အခင်းဖြစ်ပွါးသည့်အချိန်တွင် ဂိတ်မှ မည်သည့်အရာရှိများ လာရောက်တားဆီးဟန်တားခြင်းမပြုခဲ့ပါဟု ၎င်းကပင် ဆက်ပြောပြသည်။
ဂျမာအသ်ဖြင့် သွားနေသော မွတ်ဆလင် ၈ ဦး အလောင်း ဓါတ်ပုံ http://mandalaygazette.com
အကြမ်းဖက် အသတ်ခံ ရသောမွတ်ဆလင်မ်များကို ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန် တွင် သဂြိုဟ်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရန်ကုန် သတင်းတွင် ဖေါ်ပြထားသည်။ ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက် ကြည့်ရှု လျှက်ရှိရာ လူပရိ သတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့် ချထားခဲ့ ကြောင်း ၎င်း ကပင် ဖေါ်ပြထားသည်။


ထို့အပြင် ထိုနေ့တွင်ပြင် စစ်တွေ နာဇီရွာရှိ ဈေးတွင် ရခိုင်ဈေးကောက်သမားတဦးက အဆမတန် ဈေးခွန်ကောက်သဖြင့် ဆိုင်သည် (ရိုဟင်ဂျာ)များက ၎င်းကို ဖမ်းဆီးပြီး၊ အမှတ်(၁) ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။ ၎င်းကို ရခိုင်လူမျိုးများက ရခိုင်အမျိုးသားတဦးကို နာဇီရွာမှ ရိုဟင်ဂျာလူမျိုးများက ဖမ်းဆီးပြီး ကိုယ်ပျောက်လိုက်သည်ဟု စွပ်စွဲပြီး၊ ၎င်းကိုအမြန်ဆုံး ဖေါ်ထုတ်ပေးရန်နှင့် တရားခံများကို အရေးယူပေးရန် အမှတ် (၁) ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုခဲ့သည်။ ရဲစခန်းမှ ရှင်းပြသော်လည်း ရခိုင်လူထုက နာခံခြင်းမရှိဘဲ စခန်ကို ၀င်စီးရန် ကြိုးစားသဖြင့် ရဲစခန်းမှ သေနတ်ပစ်ဖေါက်ပြီး လူစုခွဲရကြောင်း စစ်တွေမြို့မှ လူကြီးတဦးက ပြောပြသည်။ စစ်တွေတွင် နာဇီကျေးရွာမှာ ရိုဟင်ဂျာများ နေထိုင်သည့် အကြီးဆုံး ရွာဖြစ် သည်။
သံတွဲမြို့သို့ရောက်ရှိလာသော မွတ်ဆလင် အလောင်းများ
နောက်ဆုံးတွင် ရခိုင်တိုင်းရင်းသားဖွံဖြိုးရေးပါတီ ဥက္ကဌဒေါက် အေးမောင် အပါအ၀င်ပါတီဝင်ငါးဦး နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းတို့ အဆိုပါရဲစခန်းသို့ သွားရောက် ညှိနိုင်းမှုများ ပြုလုပ် ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။


အစိုးရမှ  လုံခြုံရေးကို တင်းကြပ်စွာ ထားပြီး၊ စစ်တွေလူထုကို အထူးစောင့်ကြည်နေမည်ဖြစ်သည်၊


မောင်တော လုံထိန်းတပ်ရင်းမှ လုံထိန်းများကို စစ်တွေမြို့သို့ လုံခြုံရေး နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ရန် အတွက် ခေါ်ဆောင် ထားကြောင်း၊ မောင်တောမြို့ မှ နိုင်ငံရေး သမားတဦးက ပြောဆိုသည်။


ရိုဟင်ဂျာ များသည် မြန်မာနိုင်ငံ တိုင်းရင်းသားများ မဟုတ်ကြောင်း နှင့် ၎င်းတို့သည် ဘင်္ဂါလာဒေရှ်နိုင်ငံမှ မတရားခိုးဝင်လာသူများဟု ရခိုင်အစွန်းရောက်သမားများနှင့် သူစိမ်းကြောက်သူများက မြန်မာနိုင်ငံ ပြည်တွင်း / ပတွင် ရိုဟင်ဂျာ ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများကို မကြာခင်က စတင်ပြီး ပြုလုပ်လျက်ရှိနေသည်။ ရိုဟင်ဂျာ ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများကို ရခိုင့်အစွန်းရောက်သမားများနှင့် သူစိမ်းကြောက်သူများနည်းတူ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် တာဝန်ရှိ ဝန်ကြီးများကလည်း လိုက်ဆောင်ရွက်နေခြင်းသည် အလွန်အံသြဘွယ်ရာ ဖြစ်ကြောင်း၊  ရိုဟင်ဂျာလူမျိုးများကို လက်မခံခြင်းနှင့် အတူ ဆက်လက်၍ ၎င်းတို့အပေါ် ဖိနှိပ်ချုပ်ချယ်မှုများ၊ ရခိုင်အကြမ်းဖက်မှုများသည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများ အား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ဖေါ်လာမည့် ရှေ့ပြေး အရိပ် လက္ခဏတရပ်သာ ဖြစ်ကြောင်း  ရိုဟင်ဂျာ  အဖွဲ့အစည်း ၈ ဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။
Source KPN

Comments

Popular posts from this blog

Amnesty International's T. Kumar to Speak at the Islamic Society of North America's Convention

Amnesty International's T. Kumar to Speak at the Islamic Society of North America's Convention  Advocacy Director T. Kumar to Speak on Rohingya Muslims in Myanmar (Burma)  Contact: Carolyn Lang, clang@aiusa.org, 202-675-8759  /EINPresswire.com/ (Washington, D.C.) -- Amnesty International Advocacy Director T. Kumar will address the Islamic Society of North America's 49th Annual Convention "One Nation Under God: Striving for the Common Good," in regards to the minority community of Rohingya Muslims in Myanmar (Burma) on Saturday, September 1, at 11:30 am at the Washington DC Convention Center. 

Iran Ready to Dispatch Medical Teams to Myanmar

TEHRAN (FNA)- Head of the Basij Organization of Iran's Medical Society Mohammad Rayeeszadeh voiced the society's readiness to dispatch medics, nurses and relief and rescue forces to help Myanmar's Muslims who are under the daily attacks of the majority in the Southeast Asian country. "The Basij (volunteer) organization of the Medical Society is prepared to dispatch emergency teams of physicians, nurses and rescue workers to Myanmar," Rayeeszadeh told FNA on Saturday.

2,600 tonnes of aid delivered to Myanmar Muslims

Khalifa Foundation has distributed urgent aid totalling 5,200 tonnes Gulf News  March 04, 2013  Burma: The Khalifa Bin Zayed Humanitarian Foundation (KZHF) has distributed another 2,600 tonnes of food aid to Myanmar Muslims, completing its third and last phase of the urgent aid totalling 5,200 tonnes of relief items among 850,000 beneficiaries. As per directives of President His Highness Shaikh Khalifa Bin Zayed Al Nahyan, the assistance was purchased from the local markets of Myanmar in cooperation and coordination with the Embassy of Kuwait to be shipped by sea to “Rakhine (Arakan)” for distribution among the affectees there.