Skip to main content

လွှတ်တော်အသီးသီး၏ အဖွဲ့စည်းများ ပြည်ထောင်စုအဆင့် မဟုတ်ဟု သတ်မှတ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့မှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွင် ထည့်သွင်းထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု အထက်လွှတ်တော် ဥပဒေကြမ်း
ကော်မတီဝင် ဒေါ်နန်းဝါနုက ပြောသည်။
“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း”ဟု ခုံရုံးဆုံးဖြတ်ချက်တွင် ပါရှိသည်ဟု ဒေါ်နန်းဝါနု က မဇ္ဈိမကို ပြောသည်။

လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိမရှိ အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ဇန်နဝါရီလအတွင်း သမ္မတမှ တင်သွင်းလွှာပေးပို့၍
တောင်းဆိုမှုကို ဗုဒ္ဓဟူးနေ့တွင် ခုံရုံးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေအသီးသီး၏ ပုဒ်မ ၂ (ဇ) တွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရ အဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့်
ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်” ဟု ပြဋ္ဌာန်းထားသည်။

ဒေါ်နန်းဝါနု ကမူ “နိုင်ငံတော်သမ္မတ က တင်သွင်းသည့် တင်သွင်းလွှာမှာ တည်ဆဲဥပဒေတရပ် ဖြစ်သော လွှတ်တော် အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရန် တင်ပြခြင်း မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဟူသည့် စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရန်သာ ဖြစ်သည်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သို့မဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တရပ်ရပ်ကို ကိုယ်စားပြု၍ ထိုအဖွဲ့အစည်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လွှတ်တော်တွင်း ရှင်းလင်းတင်ပြသူကိုသာ ပြည်ထောင်စုအဆင့်နှင့်
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ခုံရုံးမှ ဆုံးဖြတ်ခဲ့သည်။

ခုံရုံး၏ ဆုံးဖြတ်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊
၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက
ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည်ဖြစ်ပေသည်” ဟု ခုံရုံးမှ ဆုံးဖြတ်ခဲ့သည်။

လယ်/ဆည်ဝန်ကြီးဌာန၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာနများမှ ဝန်ကြီးများ၏ လုပ်ဆောင်ချက်များကို လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ စသည့် သက်ဆိုင်ရာ ကော်မတီအသီးသီးမှ ခေါ်ယူမေးမြန်းမှုများ ရှိခဲ့ခြင်း
ကြောင့်လည်း ဝန်ကြီးများက လွှတ်တော် ကော်မတီဝင်များအပေါ် ကြည်ဖြူမှုမရှိဟုလည်း ဒေါ်နန်းဝါနုက မဇ္ဈိမကို
ပြောသည်။

“ကျမတို့က ဥပဒေပြုရေးအာဏာ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာ၊ ဒီအာဏာသုံးခုကို ကျမတို့က အပြန်အလှန် ထိန်းကျောင်းခြင်းပြုရတယ်။ အပြန်အလှန် ထိန်းကျောင်းခြင်း ပြုတဲ့အနေအထားမှာ ကျမတို့ရဲ့ လက်ရှိတက်လာတဲ့ အစိုးရလည်း ဒီမိုကရေစီ အတွေ့အကြုံက သက်တမ်းနုနေသေးတယ်။ ဆိုတော့ ဒီ အပြန်အလှန် ထိန်းကျောင်းတာကို သိပ်ပြီးတော့ သဘောကျပုံမရဘူး” ဟု ဒေါ်နန်းဝါနု က ပြောသည်။

ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ အသီးသီးတို့ထံ
ပေးပို့ထားပြီးဖြစ်ပြီး “ဒီကိစ္စကို ကျမတို့ ဥက္ကဋ္ဌ (ဦးရွှေမန်း) က ဘယ်လိုလုပ်မယ်ဆိုတာတော့ မမှန်းနိုင်သေးဘူး” ဟု ဒေါ်နန်းဝါနုက မဇ္ဈိမကို ဆက်ပြောသည်။

ဗုဒ္ဓဟူးနေ့ တွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ကြားနာမှုတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒေါ်နန်းဝါနု (ဥပဒေကြမ်းကော်မတီဝင်)၊ ဦးဘရှိန် (ဥပဒေကြမ်းကော်မတီဝင်) ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သန်းသန်းရီ၊ ဦးမြသိန်းတို့ တက်ရောက်ခဲ့သည့်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဘက်မှ ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ
ဖြစ်သည့် ဒေါ်ခင်လှမြင့် ဒေါက်တာတင်အောင်အေး၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း အပါအဝင် အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့သည်။

အထက်နှင့် အောက် လွှတ်တော်အသီးသီးတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အပါအဝင် စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အားကစားနှင့် ယဉ်ကျေးမှု
ပြည်သူ့ဆက်ဆံရေးကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ စသည့် ကော်မတီပေါင်း ၁၉ ခုကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းထားသည်။
create here

Comments

Popular posts from this blog

Amnesty International's T. Kumar to Speak at the Islamic Society of North America's Convention

Amnesty International's T. Kumar to Speak at the Islamic Society of North America's Convention  Advocacy Director T. Kumar to Speak on Rohingya Muslims in Myanmar (Burma)  Contact: Carolyn Lang, clang@aiusa.org, 202-675-8759  /EINPresswire.com/ (Washington, D.C.) -- Amnesty International Advocacy Director T. Kumar will address the Islamic Society of North America's 49th Annual Convention "One Nation Under God: Striving for the Common Good," in regards to the minority community of Rohingya Muslims in Myanmar (Burma) on Saturday, September 1, at 11:30 am at the Washington DC Convention Center. 

American Buddhists Promote 969 Movement With Website

Irrawaddy News: July 9, 2013 A group of American Buddhists has launched an English-language website promoting the 969 movement, in response to negative media surrounding the ultra-nationalist Buddhist campaign in Burma. The website aims to dispel “myths” about the movement, with a letter from nationalist monk Wirathu to a Time magazine reporter whose article about 969 was banned in Burma.  “We’re not officially endorsed by Ven Wirathu at this time but will send a delegation to his monastery soon,” a spokesperson for the site said via email, adding that the group would create a nonprofit to coordinate “969 activities worldwide in response to religious oppression.”

Rohingya Activist Nominated for Human Rights Award

PHR congratulates Zaw Min Htut, a Burmese Rohingya activist, on his nomination for the 2011  US State Department Human Rights Defenders Award . Zaw Min Htut has been working for Rohingyas’ rights through the Burmese Rohingya Association of Japan since he fled Burma in 1998. Prior to that he was a student activist in Burma, and was detained for his participation in protests in 1996. In Japan, Zaw Min Htut has organized protests at the Burmese embassy and has written books on the history of Rohingya.