Skip to main content

ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းပြတဲ့ ABSDF မြောက်ပိုင်းအရေး


၁၉၉၂ ဖေဖော်ဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံ (ဝဲမှယာ - ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
ABSDF ရဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များအကြောင်းကို

ဒေါက်တာနိုင်အောင်က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်တာကို ကူးယူ ဖော်ပြပါတယ်။
ABSDF မြောက်ပိုင်းကိစ္စအပေါ် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်

မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများ အားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်း တစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။

မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။ မိမိအနေဖြင့် လက်ရှိကာလတွင်`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။ မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်းခဲ့ရသော အဖြစ်မှန် များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊ တသင်းတဖွဲ.ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါကြောင်း ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ

(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ

`မကဒတ´ တွင် ဖြတ်သန်းလာသူများ အားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေ အသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံး သပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး အပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသောစခန်းများကို အခြေခံ၍ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။ ၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသောသက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှု မရှိခြင်းတို့ကြောင့် ပထမအကြိမ် ညီလာခံ သက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလို ကျောင်းသားအမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။ `မကဒတ´ ကို တဆင့် ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ၊ မိမိက ဒု-ဥက္ကဋ္ဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ်မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါသည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန် ကြိုးပမ်းတည်ဆောက်နေရသော ကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာသော ကာလလည်းဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ် ရပ်စဲရေးကိစ္စများနှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့် ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာပြည် နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။ တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်းဆောင်မှု တိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ် မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့်ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယ အကြိမ်ညီလာခံ

တိုင်းရင်းသား မဟာမိတ်အဖွဲ.အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့်အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင်နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများ လွှမ်းမိုးနေသည် ဟူသော စွပ်စွဲတိုက်ခိုက်မှုဖြင့် ယာယီတော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည့် စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်း ရှိနေပါသည်။ ဤယာယီတော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။ သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ့ (နေ့လည်ပိုင်း) အစည်း အဝေးတွင် တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင် ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။

ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသော ထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စားလှယ် တစ်ဦး အနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည့် ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်။

မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့ ၁၉၉၁ခုနှစ်) သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ် တရက်၌ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူ သူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူများလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။ မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည် ဗဟိုကော်မတီသစ်မှကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်အပြည့်အ၀ ရှိပါသည်။ သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း အနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံ ကိုယ်စားလှယ်တဦးသာ ဖြစ်သည့် မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည် ကြားသိခဲ့ရပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ့၊ ရှေ့လုပ်ငန်းစဉ် ရေးဆွဲရေးအဖွဲ့နှင့် စစ်ရေးလမ်းစဉ်ရေးဆွဲ ရေးအဖွဲ.ဆိုသည်. အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီး ညီလာခံကို ခေတ္တရပ်နားခဲ့ပါသည်။ လုံခြုံရေးအခြေအနေအရ (၁၃)ရက်နေ့တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက် တွင်မာနာပလော၌ ညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။ မာနာပလောတွင်လည်း ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နားလိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင် ကိုမိုးသီးဇွန်တို.ဘက်က အများစု၏ လျို.၀ှက်ဆန္ဒမဲဖြင့် ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြားဝင်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ် တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေး လွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာ ရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဋ္ဌ ထွန်းအောင်ကျော် အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန့် သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက်ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့် ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်း လက်ပမ်းကြလာပြီး သံလွင်စခန်းတွင် ပြန်လည်ပြုလုပ်ကြရန် ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက် ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့် အကွဲအပြဲဖြစ်သည်အထိ ရောက်ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကို အလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။

မိမိတို့ အနေဖြင့် ညီလာခံ ဆက်လက်ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်မည်ဟု ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူစခန်းမှ ခွဲထွက်သွားသောအဖွဲ့များ၊ ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့် ပထမအကြိမ်ညီလာခံသက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်းတချို့ ကိုမိုးသီးဇွန်ဘက်သို့ လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့်ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံကိုယ်စားလှယ်အများစုနှင့် ညီလာခံကို ဆက်လက်ကျင်းပပြီး တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါသည်။

ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။ ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများ ထိုင်းဖက်ကမ်းသို့ ရွှေ့ပြောင်းနေရပြီး၊ ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်းကူညီဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို့ ဗဟိုကော်မတီ၏ ဗဟိုဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက်ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌ စပိုင်များကို သတ်ဖြတ် အရေးယူလိုက်သည် ဆိုသောကိစ္စ ပါလာကြောင်း မိမိတို့ ဘန်ကောက်ရုံးမှ ပေးပို့သည့်ကြေးနန်း မိမိတို့ တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို့ သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါသည်။

၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီတခုလုံးအား ယုံကြည်ရန်ခက်ခဲနေခြင်းကြောင့် ၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ မကဒတမြောက်ပိုင်း ကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။ မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။ မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ မသိရသေးသော်လည်း မကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန်သတိကြီးစွာဖြင့်ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့် ပိုမိုသတိထားရပါသည်။ ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုး မလုပ်သင့်ကြောင်း၊ ရန်သူ့သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့ သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ် ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်းတွင် သူ့တူမဖြစ်သူ တစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့် မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။ ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း (သို့မဟုတ်) အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီ တောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏ သဘောဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍ ကိုင်တွယ်ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။ နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းသိရှိခဲ့ရပြီးနောက် မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီးစိုင်းလိတ်(SSPP ဥက္ကဋ္ဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။

ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း

KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။ မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေးအရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့်အဖွဲ့တွင်း၊နှင့် ပြည်တွင်းပြည်ပမှ ရိုက်ခတ်သက်ရောက်မှုများ၊ တောင်ပိုင်း ဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊ အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။

မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့်မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များ ဖွဲ.စည်းထူထောင်ရန် မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေးစေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို မြောက်ပိုင်းတာဝန်ခံ ရဲဘော်တချို့ရှေ့မှောက်တွင် မေးမြန်းခွင့်ရရှိခဲ့ပါသည်။ ထို့နောက် မိမိမှ မြောက်ပိုင်းဗဟိုကော်မတီနှင့် အခြေအနေတစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။

- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊

- သို့သော်လည်း ဤမျှ များပြားသည့်အရေအတွက်ဖြင့် ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊

- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရ ချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန် စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။ ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူ တပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။

မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။

မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်တင်ပြအစီရင်ခံခဲ့ပါသည်။ မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့် ရေလှိုင်းစီမံချက် ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်. တည်ဆဲဥပဒေအရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရတာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကိုအတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိပညာပေးမူများဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ် ဖော်ထုတ် ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။

မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့်တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက်ပို့ချပေးနိုင်ခဲ့ပါသည်။ မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြားသင်တန်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။ မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့၂ ဦးမှ တပ်ဖွဲ.၀င်အများအပြား '2Eဟ .ပ်မံအဖမ်းခံရစေရန် လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး ၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသားအခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ.အစည်းများနှင့် လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။

ကျန်ရှိနေသော မေးခွန်းများ

၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊ မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ ဗဟိုကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသောလက်နက်၊ ဆက်သွယ်ရေးကိရိယာများနှင့် ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင် ပေါ်ပေါက်ရခြင်းမှာလည်း မကဒတမြောက်ပိုင်းတပ်မှ ထွက်ပြေးသော တပ်ပြေးတစ်ယောက်ကို မြောက်ပိုင်းကော်မတီက ပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။ တချို့ရေးသား ပြောဆိုနေကြသကဲ့သို့ မြောက်ပိုင်းကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊ သတ် လုပ်ခြင်းတော့မဟုတ်ပါ။ ရန်သူ့ ထောက်လှမ်းရေးအဖွဲ့ အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို အချင်းချင်းချိတ်ဆက်ပေးရမည့် မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် ပြည်တွင်းသို့ ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ ဆက်လက် ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းတွေ့ ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင် ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။ ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း စစ်အာဏာရှင်စနစ်အောက် တွင် ရှင်သန်ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထုလူတန်းစား အလွာအသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီး အဖျက်အမှောင့်လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်. သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။ မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို.ကို ခွဲခြားသိရှိနိုင်ရန် အလွန်ခက်ခဲမည်ကို တွေးတော ဆင်ချင်ကြည်.နိုင်ပါသည်၊ (မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊ ခေါင်းဖြတ် သတ်လိုက်သည်များကို အရေးမယူဘူးလား၊

မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံ ရောက်ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။ တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ ရောက်ရှိလာခြင်းများရှိသော်လည်း တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။ မိမိ ဧပြီလ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ။
မိမိအနေဖြင့် နဝတ သတင်းစာ ရှင်းလင်းပွဲမှ ကြားသိရမှုများကို ယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်းဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။

မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ ရှိမှုများ မှန် မမှန်၊ ၎င်းတို့ လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်`မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။ ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့် မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။

မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများ ရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုံးကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့် ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။ မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်း မတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေပါသည်။ မိမိတို့ အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက် အမြဲဖြစ်နေပါ လိမ့်မည်။ ထို့ကြောင့်

(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များ ထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးသင့်ပါသည်။

(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊ သီးခြား လွတ်လပ်သူများဖြင့် ဖွဲ့စည်း စစ်ဆေးသင့်ပါသည်။

(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။

မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများ အားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်း တစ်ယောက် အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။

မိမိ ဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

လေးစားစွာဖြင့်

နိုင်အောင်

မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်__

Comments

Popular posts from this blog

রোহিঙ্গা শরণার্থীদের কোনো ভবিষ্যৎ নেই

বাংলাদেশের আশ্রয়শিবিরে বসবাসকারী রোহিঙ্গা শরণার্থীদের কোনোই ভবিষ্যৎ নেই বলে মন্তব্য করেছেন রোহিঙ্গা বিষয়ক আইনজীবী রাজিয়া সুলতানা। তিনি এই আশ্রয়শিবিরকে চিড়িয়াখানার সঙ্গে তুলনা করেছেন এবং রোহিঙ্গাদের ফেরত পাঠানোর জন্য একটি উপযুক্ত কৌশল নির্ধারণের আহ্বান জানিয়েছেন। কয়েকদিন আগে যুক্তরাষ্ট্রের পররাষ্ট্র মন্ত্রণালয়ের ইন্টারন্যাশনাল ওমেন অব কারেজ এওয়ার্ড (আইডব্লিউসিএ) পুরস্কার পান রাজিয়া সুলতানা। সাহসিকতা দেখানোর জন্য সারা বিশ্ব থেকে বাছাই করা ১০ জন নারীকে এ পুরস্কার দেয়া হয়।  রাজিয়া সুলতানার একটি সাক্ষাৎকার নিয়েছে বার্তা সংস্থা রয়টার্স। তাতে তিনি রোহিঙ্গাদের পরিণতি নিয়ে হতাশা প্রকাশ করেন। রাজিয়া সুলতানা বলেন, মিয়ানমারের মুসলিম সংখ্যালঘু সম্প্রদায়ের রোহিঙ্গা শরণার্থীদের মধ্যে আশার অভাব রয়েছে। ২০১৭ সালের আগস্টে মিয়ানমারের সেনাবাহিনীর নৃশংস নির্যাতনের ফলে তারা পালিয়ে এসে বাংলাদেশে আশ্রয় নিতে বাধ্য হয়। রাজিয়া সুলতানা বলেন, এই আশ্রয় শিবিরে যত বেশি সময় শরণার্থীরা থাকবেন ততই পরিস্থিতির অবনতি ঘটতে থাকবে। ওই সাক্ষাৎকারে তিনি আরো বলেন, হ্যাঁ, এ কথা সত্য যে, শরণার্থীরা খাবার পাচ্ছে। কিন...

Cease restrictions on aid to Rohingyas: HRW tells Dhaka

  Human Rights Watch (HRW) urged Bangladesh government to immediately cease its restrictions on international organisations providing aid to more than 200,000 Muslim Rohingyas in the country. It also called on the government to open its borders to Rohingyas fleeing sectarian violence and abuses by Myanmarese security forces in Arakan State in western Myanmar, said a press release of New York-based Human Rights Watch published on Wednesday.

Statement from the Bangkok Conference on the Rohingyas of Myanmar

Dr. Habib Siddiqui Myanmar (formerly Burma) is going through a deep crisis in dealing with ethnic conflicts, especially in its western Rakhine (formerly Arakan) state. To find probable solutions to the existing problems, Arakan Rohingya Organization - Japan (JARO) and Rohingya National Organization in Thailand (RNOT) jointly sponsored an International Rohingya Conference in Bangkok, Thailand. The theme of the conference was “Contemplating Burma’s Rohingya People’s Future in Reconciliation and (Democratic) Reform.”