ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးဆောင်ရွက်နိုင်ရေး တွန်းအားပေးဖို့ အတွက် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
မစ္စတာ ဘန်ဟာ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး၊ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြင်ပ ကမ္ဘာနဲ့ ဆက်ဆံမှုတွေ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။
ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေး မူဝါဒ ရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန် ဟာလည်း အခုမြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မနေ့က အီးယူ ရုံးသစ်တခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ ပါတယ်။
Burmese BBC
Comments